26.9.10

Latest ABBYY PDF Transformer

ဒီနေ့တော့ ကျွန်တော် ပျင်းရိခြင်း တွေဖြစ်နေတာကြောင့်
ဘာရယ်မဟုတ်ပဲ ကျွန်တော် ဒီပို့လေးကိုရေးလိုက်တာပါ

PDF ဖိုင်ကိုပြောင်းချင်သူများ အတွက် တင်ပေးလိုက်တာပါ
အချို့လည်း အဲဒီဟာလေးတွေ မရှိသေးဘူးဆိုရင်download
လုပ်ပြီးယူထားလိုက်ပါ
တကယ်ကိုအသုံးဝင်ပါတယ်

19.9.10

အသိဉာဏ်လေးနဲ့ယှဉ်ကာကြိုးစားပါ

 လောကတွင် ကျွန်တော် တို့ခင်ဗျားတို့ တွေအားလုံးဟာ အမြဲတမ်းသင်ယူလေ့လာမှူတွေနဲ့
ဘဝကြီးမှာနေထိုင်နေရသူတွေပါ ..အဲဒီလို စာသင်သား သို့မဟုတ် ပညာရပ်တစ်ခုခု ကိုသင်ယူတဲ့အချိန်မှာ ကျွန်တော်တို့တွေ ခင်ဗျားတို့တွေ အတွက် အမြဲသိမှတ်ထားစရာ
စကားလုံးလေးရှစ်လုံးကို ဘာရယ်မဟုတ်ပဲ အသိဉာဏ်ပညာ တစ်ခုရဖို့အတွက် ဖော်ပြ
ရေးသားပေးလိုက်ရခြင်းဖြစ်ပါတယ်..။လူရယ်လို့ဖြစ်လာရင် လောကနီတိ တရားတွေကို
လိုက်နာပြီးနေထိုင် မှသာလူရယ်လို့ သတ်မှတ်ခေါ်ဆိုနိုင်ကြမှာမဟုတ်လား..။
ဒါကြောင့် ဒီအောက်ကစာသားလေးဟာ စာသင်သားများအတွက်တော့ တကယ့်ကို နှလုံးသွင်း
မှတ်သားစရာကောင်းတာလေးပေါ့ဗျာ...။

  

***********************************************       
                  စာသင်သားဆုံးမစာ...
            ***********************
သုစိ ပုဘာ၊ ဝိလိ သိ ဓာ အက္ခရာစွဲသုံး
ဤ ရှစ်လုံးကို သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့။
                         
                                        ပြည်ဆရာတော်(ရှင်မဟာရဌသာရ)

သုဏေယျ    နာကြားရ၏။
စိန္တေယျ        ကြံစည်ရာ၏။
ပုစ္ဆေယျ        မေးမြန်းရာ]၏။
ဘာသေယျ    ပြောဆိုရာ၏။
ဝိစာရေယျ     စူးစမ်းဆင်ခြင်ရာ၏။
လိက္ခေယျ      ရေးသားရာ၏။
သိက္ခေယျ      လေ့ကျင့်ရာ၏။
ဓာရေယျ        နှုတ်တက်ဆောင်ရာ၏။

***********************************************