4.6.11

Partition Software မလိုပဲ Partition ခွဲနည်း

ကျွန်တော့်အနေနဲ့ သူများတင်ပြီးသားလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်..။ တင်ချင်မှလည်းတင်ရပါဦးမယ်.။
ဒါပေမဲ့ ဒီပို့စ်လေးကိုရေးချင်စိတ် ရှိလာတာကြောင့် တင်ပေးလိုက်တာပါ..။ Partition manager
မလိုပဲ Partition ခွဲနည်းလေးပါ..။ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် စမ်းသပ်ချင်တယ်ဆိုရင်တော့
စမ်းကြည့်လိုက်ပါ..။ အောက်မှာ အဆင့်လိုက်ဖော်ပြပေးထားပါတယ်.။ ကျွန်တော်ကတော့ Window7
မှာ လုပ်ကြည့်တာမို့ အခြားသူများ XP နှင့် Vista မှာ အသုံးပြုမယ် ဆိုရင်လည်း ဒီနည်းအတိုင်းကြည့်ကြည့်ပါ
တကယ်လို့ မရလို့ ရှိရင် Comment များပြန်ပေးခဲ့ပါခင်ဗျာ..။

1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုရွေးပေးလိုက်ပါ ။
2. computer Management box ပေါ်လာပါမယ်။
3. storage >> Disk Management ကို ရွေးပေးလိုက်ပါ။
4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ) တစ်ပိုင်းတည်းကို ပြန်ခွဲတာပဲပြောပြပါ့မယ် . အတူတူပါပဲ ကျွန်တော်က C;/ တစ်ပိုင်းတည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ
5. C:/ >> right click နှိပ်ပြီး shrink volume ကိုရွေးပေးလိုက်ပါ
6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ . (1024 MB = 1 GB)
7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ
8. partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ partition အသစ်ကို right click ထောက်ပြီး New simple volume ကိုရွေးပေးပြီး Next .... Next ဆိုပြီးတော့ ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ.။

ကဲ နည်းလမ်းလေးကတော့ ဒါပါပဲ ခင်ဗျာ...။အောင်မြင်ပါစေဗျာ..။

CyberLink DVD suite

(13) ခုမြောက်သော ဆော့ဝဲလ်လေးကတော့ Cyberlink DVD suite ဆော့ဝဲလ် လေးပါ..။
ဒီဆော့ဝဲလ်လေးက ''
recording on CD / DVD, play DVD, create slide shows, video editing, photo editing and cutting music videos.အားလုံးကို လုပ်ဆောင်နိုင်ပါတယ်..။ Iso file type နဲ့ပါအဲဒါကိုတော့ Ifile.it နဲ့ upload
တင်ပေးထားပါတယ်..။ serial ကီးတွေပါပေးထားပါတယ်။ ဒီ Iso ဖိုင်ထဲမှာ အောက်ဖော်ပြပါ အရာအားလုံး
ပါရှိပါတယ်။
  1. PowerDVD: the company's flagship DVD playback tool
  2. PowerDirector Express: a video editing package
  3. PowerProducer: a DVD authoring tool
  4. PowerBackup: a data backup utility
  5. Power2Go: a quick CD/DVD duplication tool
  6. PowerDVD Copy: a non-CSS-protected DVD copy utility
  7. InstantBurn: a packet writing utility
  8. LabelPrint: label printing utility, including LightScribe compatibility
  9. Medi@Show: a photo slideshow producer
  10. PhotoNow!: a quick photo correction tool
  11. Audio CD Ripper: an MP3/WMA ripper
  12. CyberLink Utilities: a tool for creation and burning of DVD disc images







Download : 1